Frequently Asked Questions

.mm ဒိုမိန်းတစ်ခုဝယ်ဖို့အတွက် ကိုယ်လိုချင်တဲ့ ဒိုမိန်း လွတ် မလွတ် ဘယ်လိုစစ်ရမလဲ။
How do I check if .mm domain name is available?

  • ဒိုမိန်းလွတ် မလွတ်ကို www.mtgnic.net.mm မှာ စစ်လို့ရနေပါပြီ။
  • You can check your domain name at www.mtgnic.net.mm

ဒိုမိန်း “အမည်” ရွေးချယ်တဲ့အခါ ဘယ်အချက်တွေသတိထားရမလဲ။
What are the rules to follow when choose domain name?

.mm ဒိုမိန်းဝယ်ရင် Activate ဖြစ်ဖို့ တစ်ပါတ်လောက် ကြာတယ်ဆိုတာ ဟုတ်ပါသလား။
How long does it take to activate .mm domain?

  • မကြာတော့ပါဘူး အခုဆို ရုံးချိန် တစ်ရက်အတွင်း Activate ဖြစ်နေပါပြီ။
  • It takes only one office day to activate.

ဒိုမိန်းဝယ်ဖို့ လူကိုယ်တိုင် ရုံးကို လာဖို့လိုပါသလား။
Do I need to come in person to buy domain at office?

  • လူကိုယ်တိုင် ရုံးကိုလာဖို့ မလိုတော့ပါဘူး၊ www.mtgnic.net.mm မှာ မိမိလိုချင်သော ဒိုမိန်းကို တစ်ခါတည်းစစ်ပြီး တစ်ခါတည်း ငွေပေးချေကာ ဝယ်ယူနိုင်ပါပြီ။
  • No, you can buy directly from www.mtgnic.net.mm by checking the domain name and make payment right away.

.mm ဒိုမိန်းတွေအတွက် DNS manage လုပ်ဖို့ panel ပေးပါသလား။
Do you provide panel to manage DNS for .mm domain?

  • DNS Manage လုပ်ဖို့အတွက် MTG မှ DNS Panel ပေးပါသည်။
  • MTG provides DNS panel to manage DNS.

.mm ဒိုမိန်းက သတ်မှတ်ထားတဲ့ NS ကိုပဲ မပြောင်းလဲပဲ သုံးရတယ်လို့ကြားဖူးပါတယ် အဲဒါအမှန်ပဲလား။
Is it true that .mm domain names are set according to rules and regulations?

  • မဟုတ်ပါဘူး မိမိလိုချင်တဲ့ NS (Nameserver) ကို စိတ်ကြိုက် ပြောင်းလဲနိုင်ပါသည်။
  • No, you can change any NS (name server) as you prefer.

.mm ဒိုမိန်းရဲ့ second level extension တွေကဘာတွေလဲ။
What are .mm domain name’s second level extension?

  • .com.mm, .biz.mm, .net.mm, .org.mm, .edu.mm, .gov.mm ဆိုပြီး extension ၆ မျိုး ဝယ်လို့ရပါသည်။
  • Available second level extension are .com.mm, .biz.mm, .net.mm, .org.mm, .edu.mm, .gov.mm, .per.mm.

extension မပါဘဲနှင့် ဥပမာ (example.mm) ဝယ်လို့ရနိုင်ပါသလား။
Can we buy without any extension? (example.mm)

  • extension မပါဘဲနှင့် ဝယ်လို့ မရနိုင်သေးပါ။
  • No, we can’t buy domain without an extension.